Sunday, October 4, 2020




Onlineပေါ်ငွေဘယ်လိုရှာမလဲ 

zaw gyi 
Online မွာ ပိုက္ဆံဘယ္လိုရွာမလဲ လို႔ေမးၾကသည္အခါ တခ်ိဳ႕ကလည္း ပိုက္ဆံရွာနည္းေလးေျပာျပပါဟုေတာင္းဆိုတတ္ၾကသည္ တခ်ိဳ႕က Make Money Onlineဆိုသည္မွာ

သဘာဝမက် ေၾကာင္း နည္းလမ္းအမွန္မဟုတ္ေၾကာင္း ေျပာၾကသည္။
Online မွာ နည္းလမ္းမွန္စြာျဖင့္ ပိုက္ဆံရွာလွ်င္ ရပါသည္ဟုေျပာခ်င္သည္။ ပိုက္ဆံရွာမည့္နည္းလမ္းအခ်ိဳ႕ကို ေျပာျပခ်င္ပါသည္။
Freelancing
Freelancing လုပ္ျခင္းသည္ သဘာဝအက်ဆံုး အြန္လိုင္းမွ ပိုက္ဆံရွာနည္းျဖစ္ေၾကာင္းသိရသည္။ကိုယ့္ရဲ႕ ကြ်မ္းက်င္မႈ တစ္ခုကို အေျခခံၿပီး Project အလိုက္(သို႔မဟုတ္) နာရီပုိင္းအလိုက္ Freelanceလုပ္ႏိုင္သည္။ Freelanceလုပ္သည့္ေနရာတြင္ ကြန္ပ်ဴတာကြ်မ္းက်င္မွ Codeမ်ား ေရးတတ္မွ အစရွိေသာ သတ္မွတ္ခ်က္မ်ား မရွိေၾကာင္း၊ Accountant တစ္ေယာက္လည္းလုပ္ႏိုင္ေၾကာင္း၊ဘာသာစကားတစ္ခုခုေျပာတတ္ ေရးတတ္သည္ဆိုလွ်င္ Translatortအျဖစ္၊ Data မ်ား ထည့္သြင္းတတ္သည္ဆုိလွ်င္ Data Importလုပ္ႏိုင္ေၾကာင္းသိရသည္။
ႏိုင္ငံျခားမွ Freelance Website မ်ားသို႔ ဝင္ၿပီး စမ္းသပ္ၾကည့္မည္ဆိုလွ်င္ www.freelancer.com,
www.fiver.com, www.elance.com စသည့္တို႔တြင္ ဝင္ေရာက္စမ္းသပ္ႏိုင္ေၾကာင္း၊ထိုsite မ်ားတြင္ အနည္းဆံုး Paypal သို႔မဟုတ္ Visa/Mastercard လိုအပ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ Website အျဖစ္ ေအာင္ျမင္မႈမရွိေသးေၾကာင္း၊နီးစပ္ရာအခ်င္းခ်င္း ခ်ိတ္ဆက္လုပ္ၾကမႈမ်ား ရွိေၾကာင္းသိရသည္။
Blogging
Blog ေရးသားျဖင့္လည္း အြန္လိုင္းမွ ပိုက္ဆံရွာႏိုင္ေၾကာင္းသိရသည္။ ကိုယ့္ရဲ႕ blog သည္ Industry တစ္ခုခု တြင္ ေအာင္ျမင္ေသာ blog ျဖစ္လာၿပီး Trafficမ်ား လာလွ်င္ ထိုblogမ်ားေပၚမူတည္ၿပီး ဝင္ေငြ ရရွိႏိုင္ေသာ နည္းလမ္းမ်ား ရွိလာေၾကာင္းသိရသည္။
Blogမ်ားတြင္ ေၾကာ္ျငာမ်ားလက္ခံျခင္း၊Product Review မ်ား၊Sponsor Content မ်ား ေရးသားေပးျခင္း၊Affiliate Marketing ဟုေခၚေသာ ေကာ္မရွင္ရယူၿပီး ပစၥည္းမ်ားေရာင္းခ်ေပးျခင္း၊အစရွိေသာ နည္းလမ္းမ်ားျဖစ္သည္။Blog တစ္ခု Traffic မ်ားမ်ားရရန္အတြက္ SEO ႏွင့္ Social Media ႏွင့္ Industry ၏ အရြယ္အစားတို႕အစရွိေသာ လိုအပ္ခ်က္မ်ား ရွိေၾကာင္း သိရသည္။
Online မွ ေစ်းေရာင္းျခင္း
Online Shopping မ်ားမွ ဝင္ေငြရွာ ေသာနည္းလမ္းမ်ားထဲ ထည့္ရမည္ျဖစ္ေၾကာင္းသိရသည္။တျခားႏိုင္ငံမ်ားတြင္ Amazon, Ebay, Alibaba အစရွိေသာ website မ်ားသံုးၿပီး ေရာင္းဝယ္ၾကသလို ျမန္မာႏိုင္ငံတြင္ အမ်ားစုက Facebookမွ တဆင့္ အေရာင္းအဝယ္လုပ္ၾကေၾကာင္း၊မည္သို႔ပင္ျဖစ္ေစ ထိုနည္းလမ္းသည္လည္း ေကာင္းမြန္ေသာ အြန္လိုင္းေငြရွာနည္းတစ္နည္းပင္ ျဖစ္ေၾကာင္းသိရသည္။
Digital Marketing နဲ႔ Social Media Marketing Service မ်ား ေဆာင္ရြက္ျခင္း
ယင္းနည္းလမ္းသည္ေနာက္ဆံုးေပၚနည္းလမ္းျဖစ္ေၾကာင္းသိရသည္။အြန္လိုင္းေပၚတြင္ Social Network မ်ားေပၚတြင္ သံုးစြဲမႈမ်ားလာသည္ႏွင့္အမွ် Brand မ်ား အေနႏွင့္ ကိုယ့္ရဲ႕ ကုန္ပစၥည္းကို Online မွာ ေၾကာ္ျငာရန္ တစ္ေန႔ထက္တစ္ေန႔ ပိုလိုအပ္လာပါသည္။ထိုနည္းပညာမ်ားကို ကြ်မ္းက်င္သူမ်ား      ခန္႔ထားျခင္း၊ Service အပ္ႏွံမႈမ်ား လုပ္ရသည္ျဖစ္ေသာေၾကာင့္ Digital Marketing မ်ား Social Media Marketing မ်ား ေခတ္စားလာၿပီး အလုပ္ျဖစ္လာေၾကာင္းသိရသည္။
Online မွ ေငြရွာျခင္းသည္ မျဖစ္ႏိုင္ေသာအလုပ္မဟုတ္ပါ။မလုပ္သင့္ေသာအလုပ္လည္း မဟုတ္ပါ။Online မွာ ပဲ အလုပ္လုပ္ေနရင္း ေဒၚလာ ေသာင္းဂဏန္းရွာႏိုင္ေၾကာင္းသိရသည္။နည္းလမ္းမွန္စြာျဖင့္ ႀကိဳးစားမည္ဆိုလွ်င္ အြန္လိုင္းေစ်းကြက္သည္ေကာင္းေသာ ေစ်းကြက္ျဖစ္ေၾကာင္းသိရသည္။
စကၠန္႕ပိုင္းမိနစ္ပိုင္းအတြင္း ေနရာစံုကို ပ်ံ႕ႏွံႏိုင္ၿပီး အလြယ္တကူေစ်းကြက္တင္ႏိုင္သည္။အိမ္တြင္ အလုပ္လုပ္ႏိုင္သည္ျဖစ္ေၾကာင္းသိရသည္။
Source:Aung Mon Chan

Unicode

Online မှာ ပိုက်ဆံဘယ်လိုရှာမလဲ လို့မေးကြသည်အခါ တချို့ကလည်း ပိုက်ဆံရှာနည်းလေးပြောပြပါဟုတောင်းဆိုတတ်ကြသည် တချို့က Make Money Onlineဆိုသည်မှာ သဘာဝမကျ ကြောင်း နည်းလမ်းအမှန်မဟုတ်ကြောင်း ပြောကြသည်။
Online မှာ နည်းလမ်းမှန်စွာဖြင့် ပိုက်ဆံရှာလျှင် ရပါသည်ဟုပြောချင်သည်။ ပိုက်ဆံရှာမည့်နည်းလမ်းအချို့ကို ပြောပြချင်ပါသည်။
Freelancing
Freelancing လုပ်ခြင်းသည် သဘာဝအကျဆုံး အွန်လိုင်းမှ ပိုက်ဆံရှာနည်းဖြစ်ကြောင်းသိရသည်။ကိုယ့်ရဲ့ ကျွမ်းကျင်မှု တစ်ခုကို အခြေခံပြီး Project အလိုက်(သို့မဟုတ်) နာရီပိုင်းအလိုက် Freelanceလုပ်နိုင်သည်။ Freelanceလုပ်သည့်နေရာတွင် ကွန်ပျူတာကျွမ်းကျင်မှ Codeများ ရေးတတ်မှ အစရှိသော သတ်မှတ်ချက်များ မရှိကြောင်း၊ Accountant တစ်ယောက်လည်းလုပ်နိုင်ကြောင်း၊ဘာသာစကားတစ်ခုခုပြောတတ် ရေးတတ်သည်ဆိုလျှင် Translatortအဖြစ်၊ Data များ ထည့်သွင်းတတ်သည်ဆိုလျှင် Data Importလုပ်နိုင်ကြောင်းသိရသည်။
နိုင်ငံခြားမှ Freelance Website များသို့ ဝင်ပြီး စမ်းသပ်ကြည့်မည်ဆိုလျှင် www.freelancer.com,
www.fiver.com, www.elance.com စသည့်တို့တွင် ဝင်ရောက်စမ်းသပ်နိုင်ကြောင်း၊ထိုsite များတွင် အနည်းဆုံး Paypal သို့မဟုတ် Visa/Mastercard လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် Website အဖြစ် အောင်မြင်မှုမရှိသေးကြောင်း၊နီးစပ်ရာအချင်းချင်း ချိတ်ဆက်လုပ်ကြမှုများ ရှိကြောင်းသိရသည်။
Blogging
Blog ရေးသားဖြင့်လည်း အွန်လိုင်းမှ ပိုက်ဆံရှာနိုင်ကြောင်းသိရသည်။ ကိုယ့်ရဲ့ blog သည် Industry တစ်ခုခု တွင် အောင်မြင်သော blog ဖြစ်လာပြီး Trafficများ လာလျှင် ထိုblogများပေါ်မူတည်ပြီး ဝင်ငွေ ရရှိနိုင်သော နည်းလမ်းများ ရှိလာကြောင်းသိရသည်။
Blogများတွင် ကြော်ငြာများလက်ခံခြင်း၊Product Review များ၊Sponsor Content များ ရေးသားပေးခြင်း၊Affiliate Marketing ဟုခေါ်သော ကော်မရှင်ရယူပြီး ပစ္စည်းများရောင်းချပေးခြင်း၊အစရှိသော နည်းလမ်းများဖြစ်သည်။Blog တစ်ခု Traffic များများရရန်အတွက် SEO နှင့် Social Media နှင့် Industry ၏ အရွယ်အစားတို့အစရှိသော လိုအပ်ချက်များ ရှိကြောင်း သိရသည်။
Online မှ စျေးရောင်းခြင်း
Online Shopping များမှ ဝင်ငွေရှာ သောနည်းလမ်းများထဲ ထည့်ရမည်ဖြစ်ကြောင်းသိရသည်။တခြားနိုင်ငံများတွင် Amazon, Ebay, Alibaba အစရှိသော website များသုံးပြီး ရောင်းဝယ်ကြသလို မြန်မာနိုင်ငံတွင် အများစုက Facebookမှ တဆင့် အရောင်းအဝယ်လုပ်ကြကြောင်း၊မည်သို့ပင်ဖြစ်စေ ထိုနည်းလမ်းသည်လည်း ကောင်းမွန်သော အွန်လိုင်းငွေရှာနည်းတစ်နည်းပင် ဖြစ်ကြောင်းသိရသည်။
Digital Marketing နဲ့ Social Media Marketing Service များ ဆောင်ရွက်ခြင်း
ယင်းနည်းလမ်းသည်နောက်ဆုံးပေါ်နည်းလမ်းဖြစ်ကြောင်းသိရသည်။အွန်လိုင်းပေါ်တွင် Social Network များပေါ်တွင် သုံးစွဲမှုများလာသည်နှင့်အမျှ Brand များ အနေနှင့် ကိုယ့်ရဲ့ ကုန်ပစ္စည်းကို Online မှာ ကြော်ငြာရန် တစ်နေ့ထက်တစ်နေ့ ပိုလိုအပ်လာပါသည်။ထိုနည်းပညာများကို ကျွမ်းကျင်သူများ      ခန့်ထားခြင်း၊ Service အပ်နှံမှုများ လုပ်ရသည်ဖြစ်သောကြောင့် Digital Marketing များ Social Media Marketing များ ခေတ်စားလာပြီး အလုပ်ဖြစ်လာကြောင်းသိရသည်။
Online မှ ငွေရှာခြင်းသည် မဖြစ်နိုင်သောအလုပ်မဟုတ်ပါ။မလုပ်သင့်သောအလုပ်လည်း မဟုတ်ပါ။Online မှာ ပဲ အလုပ်လုပ်နေရင်း ဒေါ်လာ သောင်းဂဏန်းရှာနိုင်ကြောင်းသိရသည်။နည်းလမ်းမှန်စွာဖြင့် ကြိုးစားမည်ဆိုလျှင် အွန်လိုင်းစျေးကွက်သည်ကောင်းသော စျေးကွက်ဖြစ်ကြောင်းသိရသည်။
စက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်း နေရာစုံကို ပျံ့နှံနိုင်ပြီး အလွယ်တကူစျေးကွက်တင်နိုင်သည်။အိမ်တွင် အလုပ်လုပ်နိုင်သည်ဖြစ်ကြောင်းသိရသည်။

Saturday, June 20, 2020

သည်းခြေကျောက်တည်ခြင်း

Dr AMT &  သည်းခြေကျောက်တည်ခြင်း
+++++++++++++++++%

*သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့အခြေမှာ ရှိတဲ့အိတ်မို့လို့သည်းခြေအိတ်(gallbladder)လို့ခေါ်ပါတယ်။
 
*သူ့တာဝန်က အသည်းကထွက်လာတဲ့သည်းခြေရည်(bile)တွေကို သိုလှောင်ထားဖို့ပါ။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးပဲ။ 
အဲဒီကနေ သည်းခြေရည်ဆိုတာ ထုတ်ပေးနေတယ်။ ထွက်လာတဲ့ သည်းခြေရည်က hepatic ductကတဆင့် သည်းခြေအိတ်ထဲရောက်ပြီး သိုလှောင်ထားတယ်။ လိုအပ်တဲ့အခါ common bile ductဆိုတဲ့ ပြွန်မကြီးကတဆင့် အူသိမ်ထဲဝင်ပြီး အဆီကို ခြေဖျက်ပေးပါတယ်။

*အစားအသောက်ထဲမှာပါတဲ့ အဆီကို ခြေဖျက်ဖို့သည်းခြေရည်လိုအပ်တယ်။ အဆီတခုစားလိုကိတာနဲ့သည်းခြေအိတ်ထဲမှာ သိုလှောင်ထားတဲ့အရည်က ထွက်လာပြီး အဆီကို ခြေဖျက်ပေးတယ်။ သည်းခြေရည်(bile)ရဲ့ တာဝန်က အစားအသောက်မှာပါတဲ့ အဆီ(fat)ကို ချေဖျက်ဖို့ ဖြစ်ပါတယ်။ သည်းခြေရည်ထဲမှာ ရေဓာတ်၊ကိုလက်စတော(cholesterol)၊ဘီလီရူဘင်(bilirubin) နဲ့ သည်းခြေ ဆားဓာတ်(bile salts)တွေ ပါဝင်တယ်။ ဒီဓာတ်တွေ ပေါင်းစုနေလို့ သည်းခြေရည်က စိမ်းဝါရောင်ရှိတယ်။ အရသာက ခါးသက်သက်ရှိတယ်။ဒီဓာတ်ချို့တဲ့ရင် အစာမကြေ၊ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။

*သည်းခြေအိတ်တခုရဲ့ အရွယ်ဟာ အချင်း ၁လက်မခွဲ၊အရှည် ၃လက်မလောက် ရှိတယ်။ သစ်တော်သီးလို ရှည်မျောမျော ပုံစံရှိတယ်။ ပူဖောင်းကို လေလျှော့ထားတာနဲ့ တူတယ်။ သည်းခြေပြွန်(Common bile duct)က ၆မီလီမီတာ အချင်းရှိပြီး ၆စင်တီမီတာရှည်တယ်။ ဒါ့ကြောင့် ၆မီလီမီတာအောက် အရွယ်ရှိကျောက်တွေဟာ သူဘာသာကျသွားနိုင်တယ်။

*ယူကေမှာ စာရင်းတွေအရ လူကြီး ၁၀ယောက်မှာ တယောက်ဟာ သည်းခြေကျောက်ရှိနေပါတယ်။ ဒါပေမယ့် အများစုက ဝေဒနာမခံစားရဘူး။ အဝလွန်သူ၊အဆီများသူ၊အသက်(၄၀)အထက်တွေမှာ ပိုတွေ့ရတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆလောက်ပိုဖြစ်တယ်။ ထပ်တွေ့တာက ကလေးမွေးဖူးတဲ့မိခင်တွေဟာ ပိုဖြစိနိုင်တယ်ဆိုတာပါ။ ကလေးမွေးတုန်း ဟော်မုန်းအပြောင်းအလဲက ကိုလက်စတောကို များသွားစေတယ်။ နောက်ပြီး ဗိုက်အဆီပြင်များသူတွေမှာ ပိုတွေ့ရတယ်။ ဝိတ်အမြန်ချတာကလည်း အသည်းက ကိုလက်စတော ပိုထုတ်ရလို့ သည်းခြေကျောက်ကု ဖြစ်စေနိုင်တယ်။သက်သက်လွတ်စားသူ၊အရက်ကို တော်သင့်ရုံသောက်သူတွေမှာ သည်းခြေကျောက်ရောဂါ အဖြစ်နည်းတာ တွေ့ရတယ်။

*သည်းခြေရည်ထဲမှာရှိတဲ့ ကိုလက်စတောက ကြာတဲ့အခါ အနည်ကျ ချိုးကပ်လာရာက သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။ သည်းခြေကျောက်အများစု (၈၀ရာခိုင်နှုန်း)က ကိုလက်စတောကျောက်(cholesterol stone)တွေ ဖြစ်ပါတယ်။ တချို့မှာ ကယ်လ်စီယမ်ကျောက်(calcium stone)လည်း ဖြစ်နိုင်တယ်။ ပေါင်းစပ်ကျောက်(mixed stone)လည်း ရှိဦးမယ်။အရွယ်အစားက ရွေးစေ့ကနေ ဂေါက်သီးလုံးအထိအမျိုးမျိုး ဖြစ်နိုင်တယ်။ အရေအတွက်ကလည်း မတူညီကြဘူး။ကျောက်သေးသေးလေးတွေဖြစ်နိုင်သလို တလုံးတည်း ကျောက်တည်တာလဲ ရှိတယ်။ ပုံမှန်အားဖြင့် သည်းခြေအိတ်ထဲ ကျောက်ရှိတာမျိုးက လူကို ဘာမှဒုက္ခမပေးဘူး။

#ဘယ်အချိန်မှာကုဖို့လိုလဲ
*********************

*သည်းခြေကျောက်က သည်းခြေပြွန်မှာ သွားပိတ်ရင်တော့ လူကို ဒုက္ခပေးလာတယ်။ ကုဖို့လိုပါပြီ။ အရင်ဆုံး လက္ခဏာတွေ ပြလာတယ်။ အစာမကြေတာရှိမယ်။ ဗိုက်ညာဖက်ခြမ်း ချွေးဒီးဒီးကျအောင် နာကျင်ခံစားရတယ်။ နာတာက ဆက်တိုက်နာတာ။ ဗိုက်တပြင်လုံးနာတာလည်း ရှိနိုင်တယ်။ ဒီလက္ခဏာနဲ့ အတူ အဖျားကြီးတာ၊အသားဝါ၊မျက်လုံးဝါ၊ဝမ်းရောင်ဖျော့သွားတာ ရှိတယ်။ သည်းခြေကျောက်က အငြိမ်မနေပဲ အောက်မှာရှိတဲ့ ပန်ကရိယကို သွားပိတ်ရင် ပန်ကရိယရောင်ဦးမယ်။ အရေးပေါ်ကုသရပါတယ်။ ပန်ကရိယ(pancreas)ကို မြန်မာတွေက မုန့်ချိုအိတ်လို့ ဘာသာပြန်ပါတယ်။ သရက်ရွက်(spleen)နဲ့ မတူဘူး။ မုန့်ချိုအိတ်ဆိုတာ ဗိုက်ညာဘက်၊သရက်ရွက်က ဘယ်ဖက်မှာရှိတယ်။ သရက်ရွက်(spleen)ကြီးတာကို ဘေလုံးကြီးတာလို့ ခေါ်ပြန်တယ်။

*သည်းခြေကျောက်ရှိ၊မရှိ အက်ထရာဆောင်း(ultrasound)ရိုက်ပြီး သိနိုင်တယ်။ လူအများစုက ဆေးစစ်ရင်း အမှတ်မထင်တွေ့တာ။ကံကောင်းတာက လူသုံးယောက်မှာ နှစ်ယောက်ဟာ ဘာလက္ခဏာမှ မပြလို့ ကုသဖို့မလိုအပ်ဘူး။ အကယ်၍ မခံမရပ်နိုင်အောင် ဗိုက်နာလာတဲ့အခြေအနေမျိုးမှာ ကုဖို့လိုတယ်။
အရေးပေါ်အခြေအနေမှာ ခွဲစိတ်ကုသဖို့ထိ လိုတယ်။ နည်းပညာမြင့်လာတော့ keyhole surgeryဆိုတဲ့နည်းနဲ့ ခွဲလာကြတယ်။ ဗိုက်မှာ အပေါက်လေးဖောက် ပြွန်ထိုးပြီး သည်းခြေအိတိကို ဖြတ်ထုတ်ယူရတယ်။ သည်းခြေအိတ်ထုတ် လိုက်တဲ့အတွက် ပြဿနာကြီးကြီးမားမားမရှိပါဘူး။ သည်းခြေရည်တွေကတော့ အစာရှိရှိ၊မရှိရှိ အူထဲကို အဆက်မပြတ်ထွက်နေတာကြောင့် အဆီစားများရင် အစာမကြေ၊ဝမ်းပျက်တာမျိုးခံစားရနိုင်တယ်။

*သည်းခြေကျောက်တိုင်း ခွဲဖို့မလိုဘူး။ သိပ်မကြီးတဲ့ကျောက်တွေမှာ ပြင်ပကနေ လှိုင်းသုံးပြီး ကျောက်ခြေနိုင်တယ်။ ESWL(extracorporeal shock wave lithotripsy)လို့ခေါ်ပါတယ်။ စွမ်းအင်မြင့် အက်ထရာဆောင်းလှိုင်းကိုသုံးပြီး ကျောက်ခြေတဲ့နည်းပါ။ အရွယ်အစား ၂စင်တီမီတာအောက် တွေမှာ သုံးလို့ရတယ်။ ကောင်းတာက ခွဲစိတ်ဖို့ မလိုဘူး။ အသက်ကြီးသူတွေနဲ့ သင့်တော်တယ်။ တခြားနည်းက ကျောက်ပျော်ဆေး ပေးတာ။ သေးငယ်တဲ့ကိုလက်စတောကျောက်တွေမှာ ursodeoxycholic acid သောက်ဆေးပေးရင် ပျောက်ကင်းနိုင်တယ်။ အရွယ်အစား ၁စင်တီမီတာအောက်မှာ ၃၈ရာခိုင်နှုန်းအောင်မြင်ပြီး ပင်စိမ်းရွက်၊ပရုတ်အေးနဲ့ရောရင် ၅၃ရာခိုင်နှုန်းထိ အောင်မြင်တယ်။ ဆေးကို အနည်းဆုံး (၂)နှစ်လောက် သောက်ပေးရတယ်။ မကောင်းတာက ဆေးဖြတ်ပြီး ပြန်ဖြစ်နိုင်တယ်။

#ကျောက်ရှိရင်_ဘာတွေလုပ်သင့်လဲ
****************************

တရက်ကို အနည်းဆုံးရေ (၂)လီတာသောက်ပါ။ ဖြစ်စ (၂)ပတ်အတွင်း ရှောင်ရမည့်အစားအစာတွေ ရှိတယ်။ ထောပတ်၊ဒိန်ခဲ၊နွားနို့၊ရေခဲမုန့်၊ဘီစကစ်၊အခွံမာသီး၊အမဲသား၊ဝက်သား၊ဆိတ်သား၊ငါးသေတ္တာတွေ မစားပါနဲ့။ပြန်ကြော်ဆီ၊တိရိစ္ဆာန်ဆီ လုံးဝရှောင်ပါ။ အဆီများတာ၊သကြားဓာတ်ကဲတာတွေ ရှောင်ပါ။နှမ်းဆီ၊မြေပဲဆီ သန့်သန့်ကိုသာ သုံးပါ။ တရက်ကို ဆီလက်ဖက်ရည်တဇွန်းထက် ပိုမစားမိစေနဲ့။အစားအသောက်ထဲမှာ အမျှင်ဓာတ်များပါစေ။ သား၊ငါးတွေ အစား လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံကို အဓိကစားသုံးပေးသင့်တယ်။

#အိမ်သုံးနည်းများ
**************
(၁)
*ပန်းသီးစိမ်းရည်က သည်းခြေကျောက်ကို အရည်ပျော်စေတယ်။
‌ပထမငါးရက်အတွင်း ပန်းသီးဖျော်ရည် ၄ခွက်(သို့)ပန်းသီးစိမ်း ၄လုံးကို နေ့စဉ် အချိန်မှန် စားရမှာဖြစ်တယ်။ ရေများများသောက်၊အဖတ် တတ်နိုင်သမျှ လျှော့ရမယ်။၆ရက်မြောက်နေ့မှာ ညစာမစားပဲ Epsom salt (ဆားခါး) လက်ဖက်ရည်ဇွန်းတဇွန်းကို ရေနွေးတခွက်နဲ့ ရောသောက်ပါ။ ဆားခါးက သည်းခြေပြွန်ကို ပွင့်စေတယ်။ည(၈)နာရီမှာ နောက်တကြိမ်ဆက်သောက်ပါ။ ည(၁၀)နာရီမှာ သံလွင်ဆီ ခွက်တဝက်စာကို ရှောက်ရည်ခွက် တဝက်နဲ့ရောပြီး သောက်ရမှာ ဖြစ်ပါတယ်။ သံလွင်ဆီက ကျောက်ထွက်တဲ့လမ်းကြောင်းကို ချောမွေ့စေတယ်။ ဒါပေမယ့် ဒီနည်းသုံးတဲ့အခါ ဝမ်းလွယ်သူ၊ဆားခါးမတဲ့သူတွေ သတိထားရမယ်။ သုံးစွဲသူအချို့က နောက်ရက်မှာ ဝမ်းနဲ့အတူ အစိမ်းရောင်ကျောက်တွေ ပါလာတာ တွေ့ရသတဲ့။
‌(၂)
‌*နောက်တနည်းက သည်းခြေနေရာကို ကြက်ဆူဆီအဝတ် တင်ပေးရတာပါ။ ကြက်ဆူဆီကို ဒယ်အိုးတလုံးနဲ့ အပူပေး၊ ပြီးရင် သန့်တဲ့အဝတ်စတခုကို ယူပြီး ကြက်ဆူဆီထဲစိမ်ပါ။ စိမ်ထားတဲ့ အဝတ်ကို ဝမ်းဗိုက်ညာဖက်ခြမ်းမှာ တင်ထားပါ။ အဝတ်စပေါ် ပလတ်စတစ်တထပ်အုပ်ပြီး ရေနွေးအိတ်ကပ်ပေးပါ။အပူလျှော့သွားတိုင်း အသစ်လဲပါ။ ဒီအတိုင်း နာရီဝက်လောက် ကပ်ပေးထားရမှာဖြစ်ပါတယ်။ ဒီလိုနေ့စဉ်လုပ်ပြီး (၃)ပတ်လောက်အကြာ ကောင်းသွားတဲ့လူနာတွေလည်း ရှိတယ်။
‌(၃)
‌*သည်းခြေကျောက်ပျော်နည်းအများစုမှာ သံလွင်ဆီကို သုံးတာတွေ့တယ်။ တချို့က ပန်းသီးဖျော်ရည်၊ရှောက်သီးဖျော်ရည်နဲ့ ရောသောက်တယ်။ အနောက်နိုင်ငံတွေမှာ apple cigar vinegarကို နေ့စဉ် နည်းနည်းစီသောက်ခိုင်းတယ်။ဝိုင်သောက်တာလည်း ကောင်းသတဲ့။East Anglia တက္ကသိုလ်က လူပေါင်း ၂၅၆၃၉ ယောက်ကို ၁၀နှစ်ကြာလေ့လာတဲ့အခါ ဝိုင် ၂ယူနစ် နေ့စဉ်သောက်သုံးသူဟာ သည်းခြေကျောက်ဖြစ်နိုင်ချေ သုံးပုံတပုံထိ ကျဆင်းစေတယ်။ ဝိုင် ခွက်သေး တဝက်စာကို နေ့စဉ်သောက်သုံးခြင်းက ကျောက်မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ခံစားရသူ ၄၀ရာခိုင်နှုန်း သက်သာစေတယ်။

(၄)
*သည်းခြေသမား သစ်တော်သီး စားဖို့ အကြံပြုပါတယ်။ သစ်တော်သီးမှာပါတဲ့ pectinဓာတ်က သည်းခြေကျောက်ကို ပျော့သွားစေတယ်။ သစ်တော်သီးအရည် ခွက်တဝက်စာကို ရေနွေးနဲ့ရောပါ။ ပျားရည် ထမင်းစားဇွန်း(၂)ဇွန်း ရောပြီး တနေ့သုံးကြိမ်သောက်ပါ။ အခွံခွာ၊ပါးပါးလှီးပြီး ရေနဲ့ မိနစ်(၂၀)ခန့် ပြတ်ပြီး ပန်းကန်လုံးတလုံးစာ တနေ့နှစ်ကြိမ် (၂)ပတ်သောက်လို့လည်း ရတာပဲ။

(၅)
*Psyllium ဆိုတာ အမျှင်ပါတဲ့ ဝမ်းပျော့ဆေးတမျိုးပါ။အူလမ်းကြောင်းကို သန့်စင်စေပြီး ကိုလက်စတောကို ချပေးတယ်။ သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးတယ်။ Psylliumအထုပ်ကို ရေများများနဲ့ဖျော်၊တနေ့(၂)ကြိမ်သောက်ရင် ကျောက်ပျော်စေသတဲ့။နနွင်းထည့်ရင် သည်းခြေရည်ရဲ့ပျော်ဝင်မှုကို အားကောင်းစေတယ်။

(၆)
*Milk thistleဆိုတာ အသည်းရောဂါတွေမှာသုံးတယ်။ ဒီထဲမှာပါတဲ့ silymarinဓာတ်က ခါးသက်သက်အရသာရှိတယ်။ သည်းခြေရည်ကို ပိုထုတ်လုပ်ပေးလို့ သည်းခြေကျောက်တွေ ကျသွားနိုင်တယ်။milk thistleအစေ့ တဇွနိးစာကို ကြိတ်၊ရလာတာကို ရေနဲ့ရော အပူပေးပြီး မိနစ်(၂၀)နပ်ထား၊အရသာကောင်းအောင် ပျားရည်တဇွန်းထည့် တနေ့(၂)ကြိမ်သောက် ရင် သည်းခြေကျောက်ကျစေတယ်။ အသည်းအားဆေးတွေထဲမှာ ပါတဲ့ phosphatidylcholine 100mg တနေ့သုံးကြိမ်သောက်လို့လည်း ရတယ်။

(၇)
*အသည်းအဆီဖုံးသူတွေ ရှောက်ရည်နေ့စဉ်သောက်ပေးပါ။ ရှောက်သီးမှာပါတဲ့ ဗီတာမင်စီက ကိုလက်စတောကို ရေထဲမှာ ပျော်ဝင်စေမယ်။အသည်းမှာရှိတဲ့ ကိုလက်စတောတွေကို ကျဆင်းစေတယ်။ ရှောက်သီးကို အခွံမခွာ၊သကြားမထည့်ပဲ အစိမ်းလိုက်ဝါးစားနိုင်တယ်။ နောက်တနည်းက ရှောက်ရည်ထမင်းစားဇွန်း (၄)ဇွန်းကို ရေတဖန်ခွက်နဲ့ရောပြီး မနက်အိပ်ရာထ အစာမရှိခင်သောက်ပါ။ (၆)လနေတဲ့အခါ ဓာတ်မှန်ရိုက်ကြည့်ပါ။ အသည်းအဆီဖုံးတာ သိသိသာသာသက်သာလာလိမ့်မယ်။

#ဖတ်မိသမျှ_ကျန်းမာ_လှပ_သုတ
‌#CREDIT_ဒေါက်တာအေးမင်းထူး

Onlineပေါ်ငွေဘယ်လိုရှာမလဲ  zaw gyi  Online မွာ ပိုက္ဆံဘယ္လိုရွာမလဲ လို႔ေမးၾကသည္အခါ တခ်ိဳ႕ကလည္း ပိုက္ဆံရွာနည္းေလးေျပာျပပါဟုေတာင္းဆိုတတ္ၾကသည္ ...